Local News

ဆော်ဒီအာရေဗီးယားနိုင်ငံမှ လောင်စာဆီ ဝယ်ယူမှုအား ယွမ်ငွေဖြင့် ပေးချေမည်

Last Updated:

ဆော်ဒီအာရေဗီးယားနိုင်ငံမှ လောင်စာဆီဝယ်ယူမှုအား ယွမ်ငွေဖြင့် ပေးချေမှု အတွက် ဆော်ဒီနှင့်တရုတ် နှစ်နိုင်ငံ ဆွေးနွေးလျက် ရှိပါသည်။ တရုတ် နိုင်ငံသည် ဆော်ဒီနိုင်ငံ၏ လောင်စာဆီ ပို့ကုန်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကျော် ဝယ်ယူတင်သွင်းလျက် ရှိပါသည်။ ဆော်ဒီနိုင်ငံအနေနှင့် တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၆.၂ သန်းကို ကမ္ဘာ့ရေနံဈေးကွက်သို့ တင်ပို့လျှက် ရှိပါသည်။ ကမ္ဘာ့လောင်စာဆီပို့ကုန်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း ကို အမေရိကန်ဒေါ်လာဖြင့် ပေးချေလျက်ရှိပါသည်။ ဆော်ဒီနိုင်ငံအနေနှင့် ၁၉၇၄ ခုနှစ်ကတည်းက လောင်စာဆီကို အမေရိကန်ဒေါ်လာ တစ်မျိုးတည်းဖြင့်သာ ရောင်းဝယ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ၎င်းတို့ငွေကြေးအား ကမ္ဘာ့ကုန်သွယ်သည့်ငွေကြေးအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ၂၀၁၈ ခုနှစ်တွင် ဆော်ဒီနိုင်ငံနှင့် လောင်စာဆီ စာချုပ်များကို ယွမ်ငွေဖြင့် ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

၁၉၉၀ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ဆော်ဒီနိုင်ငံမှ တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၂ သန်း တင်သွင်းခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၅ သိန်းအောက်သာ တင်သွင်းခဲ့သည်ဟု အမေရိကန်စွမ်းအင် အချက်အလက် များ စီမံခန့်ခွဲမှုဌာနမှ ထုတ်ပြန် ထားကြောင်း သိရှိရပါသည်။

ဆော်ဒီနိုင်ငံအနေနှင့် နေ့စဉ်ရေနံစိမ်းစည်ပေါင်း သန်းပေါင်းများစွာ ရောင်းဝယ်မှု ကို အမေရိကန်ဒေါ်လာအစား ယွမ်ငွေဖြင့် ပြောင်းလဲအသုံးပြု၍ ပေးချေနိုင်ရေးကို စဉ်းစားလျက်ရှိကြောင်း ၁၅-၃-၂၀၂၂ ရက်နေ့ထုတ် The Wall Street Journal တွင် ဖော်ပြထားပါကြောင်း သတင်းရရှိပါသည်။

သတင်းရင်းမြစ်။ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့

Category: Local News